Posts

Showing posts from July, 2024

🔥ဆူးကြိုး...🔥 အခန်း (၁၃) မှ အခန်း(၁၆)

Image
    🔥ဆူးကြိုး...🔥အခန်း(၁၃)🔥   "ဖိုးလမင်းကြီးရေ...ရွှေလင်ဗန်းနဲ့ထမင်းဆီစမ်းလေးပေးပါဗျို့...ဝါ..ဝါ..ဝါ..." ကလေးငယ်သည် ဖယောင်းတိုင်မီးမှိန်ပျပျသာလင်း‌သောအခန်းလေးထဲမှနေ၍ ပြူတင်းပေါက်ကို‌မေးထောက်ကာထားလျှက် ပါးစပ်ကိုလက်ဖဝါးဖြင့် ပိတ်လိုက်ဖွင့်လိုက်လုပ်၍ လမင်းကြီးအား ကြည်ရွှင်သောမျက်၀န်းအစုံဖြင့်ကြည့်နေရှာသည်။ လမင်းသည် ကမ္ဘာ‌မြေပြင်မှ မိုင်ပေါင်းနှစ်သိန်းကျော်လောက်ဝေးကွာသော အရန်ဂြိုလ်တစ်ခုဆိုတာထက် သူ့စိတ်ထဲတွင်လမင်းသည် ဝိုင်းဝိုင်းစက်စက်ဖြင့် သိပ်လှသည်ဟုသာ တွေးမိသည်။ လ၏မျက်နှာပြင်ပေါ်တွင် မြင်နေရသော ဆန်ထောင်းနေသောအဖိုးအိုနှင့်ယုန်ငယ်လေးတို့သည်  ကမ္ဘာ့အကျော်အမော် ပန်းချီဆရာတစ်ယောက်ယောက် ရေးခြစ်ထားသော သိပ်လှသည့်ပန်းချီကားတစ်ချက် ဟုသာ စိတ်တွင်မှတ်၍ထားမိသည်။ သူ့အတွေးထဲတွင် ပေါ်လာသည်က ‌မေမေဆိုနေကြကဗျာလေးနှင့် ပြူးတင်းပေါက်မှ အနီးကပ်မြင်နေရသလိုရှိသည့် လပြည့်၀န်းကြီးအကြောင်းသာဖြစ်သည်။ စန္ဒာလမင်း၏ ပတ်ပတ်လည်နှင့် သူမြင်နိုင်သမျှ ပမာဏလေးထဲတွင်တော့ ကြယ်အစုအဝေးလေးတွေဟာလည်း စိန်ရောင်စုံကိုမီးရိပ်ထိုးသည့်နယ် တဖြတ်ဖြတ်လက်နေကြသည်။ ကျောင်းပြူတင်းပေါက်၏ ခပ်လှမ်းလှမ်းတွင်ရှိသော အစိမ်း...

🔥 ဆူးကြိုး🔥 အခန်း (၉) မှ အခန်း(၁၂)

Image
 🔥 ဆူးကြိုး🔥အခန်း(၉) စိတ်အားထက်သန်မှုတွေဟာ အရှိန်ပြင်းပြင်း‌ မောင်းနှင်လိုက်သည့် အင်ဂျင်စက်တစ်လုံးလို အားမာန်အပြည့် လည်ပတ်နေပေမဲ့ ရည်မှန်းချက်ပျောက်နေလူအတွက် ပန်းတိုင်ဆိုတာစိတ်ကူးထဲမှာ လျှပ်တပြက်လင်းလက်သွားတဲ့ လျှပ်စီးကြောင်းတစ်ခုမျှသာဖြစ်တယ်။ 🔥🔥🔥🔥🔥🔥🔥🔥🔥🔥 "ပုံပုံရေ လေးနာရီထိုးနေပြီထတော့လေ အဒေါ့် နှိုးသံကြောင့် ပုံရိပ်၏အာရုံကြောတွေက စတင်လှုပ်ရှားလာသည်။အသံကိုကြားနေပေမဲ့ နိုးထဖို့ရာခန္ဓာကိုယ်က အားအင်မဲ့နေသယောင် ဖြစ်နေသည်။နားထင်ကြောတွေက တဆစ်ဆစ်နှင့်ကိုက်ခဲနေပြီး မျက်သားတွေကလည်း ပူရှိန်းနေသည်။မျက်လုံးတွေကို ချက်ချင်းဖွင့်ဖို့ရာ မနည်းအားတင်းနေရသည်။ အခန်းတစ်ခုလုံးဟာ တိတ်ဆိတ်မှုအတိဖြစ်နေသည့်နည်းတူ  ပြင်ပပတ်၀န်းကျင်ကလည်း တိတ်ဆိတ်မှုအတိဖြစ်နေ၍ ယခင်ကထက်ပိုမိုမြန်ဆန်နေသည့် ကိုယ့်နှလုံးခုန်သံကို‌တောင် အတိုင်းသားပြန်ကြားနေမိသည်။ တခါးဝဆီသို့ကြည့်လိုက်တော့ အောက်ခြေရှိလွတ်နေသောနေရာလေးမှ ဒေါ်လေး၏ခြေထောက်အရိပ်ကိုမြင်နေရလေသည်။အင်မတန်အချိန်တိကျသူဖြစ်၍လေးနာရီထိုးလာပါကနှိုးပါဟု ပုံရိပ်ပြောသည့်အတိုင်း လာနှိုးရှာတယ်။ "...ပုံရိပ်နိုးပြီလား.." "...နိုးပြီဒေါ်လေး..သမီးအခုပဲစာလုပ်တော...