Posts

Showing posts from June, 2024

🌿အခန်း ၉ မှ အခန်း ၁၂ 🌿

Image
  🌿အခန်း ၉ မှ အခန်း ၁၂ 🌿 အခန်း၉             🌸ဘီးလူးနမ်းသောအရိုင်းပန်း🌸 "ဒီလမ်းတည့်တည့်၀င်သွားလိုက်..." ကျောအနောက်ကနေ အတင်းတွန်းခံလိုက်ရတာကြောင့် ကျွန်တော်နဲနဲယိုင်ကျသွားတယ်။ အခုကျွန်တော် ရောက်နေတဲ့နေရာက ဦးအဂ္ဂပိုင်ဆိုင်တဲ့ ခြံ၀န်းကြီးထဲမှာပါ။ဦးအဂ္ဂဆိုတာ သုန္နကမြို့ရဲ့အချမ်းသာဆုံးစာရင်းမှာ ထိပ်ဆုံးကနေရပ်တည်နေတဲ့လူ။ဒီလိုပုဂ္ဂိုလ်မျိုးက ကျွန်တော့်လိုဆယ်တန်းကျောင်းသားလေး တစ်ယောက်ကိုတွေ့ချင်တာ ဘာသဘောလဲ။ ဧကန်နသူ့သားကို သွားတိုင်လိုက်တဲ့ကိစ္စများလား။ ခြံ၀န်းကြီးတစ်ခုလုံးက အလှမြက်ခင်းတွေနဲ့စိမ်းလန်းနေပြီး ဦးအဂ္ဂကခြံရဲ့တောင်ဘက်စွန်းစွန်းမှာဆောက်ထားတဲ့ မှန်ချက်တွေအပြည့်ကာရံထားသော အပန်းဖြေစံအိမ်ထဲကနေ ကျွန်တော်လာတာကို ကြည့်နေပုံရတယ်။ ခြေလှမ်းခပ်ကျဲကျဲနဲ့ပဲ ထိုစံအိမ်ထဲသို့၀င်သွားလိုက်ပြီး ကျွန်တော့်ကိုရယ်ပြနေတဲ့ဦးအဂ္ဂရဲ့အရှေ့မှာ ရပ်လိုက်တယ်။ "မင်းနာမည်...ကဝိလား..." အထူးတလည် မက်တက်တောင်ရပ်ပြီး ကျွန်တော့်နာမည်ကို မေးလာပေမဲ့ ကျွန်တော်ကတော့ ခေါင်းပဲညိမ့်ပြလိုက်တယ်။ "ဦးနာမည် အဂ္ဂပါ....." လက်ကိုရှေ့ထုတ်လာပြီး  နှုတ်ဆက်ဖို့ကမ်းလှမ်းလာပေမဲ...

🌿အခန်း ၅ မှ အခန်း ၈ 🌿

Image
  🌿အခန်း ၅ မှ အခန်း ၈ 🌿 🌸ဘီးလူးနမ်းသောအရိုင်းပန်း🌸                               🍁အခန်း၅🍁 လွန်ခဲ့သော ၁၂နှစ်တာကာလ🍁🍁🍁 "ကလင်...ကလင်...ကလင်..." "မင်္ဂလာပါဆရာမ...နှုတ်ဆက်ပါတယ်ဆရာမ..." မုန့်စားဆင်းခေါင်းလောင်ထိုးသံကြောင့် ကျောင်းသားတွေအားလုံး ဗလောင်ဆူသွားကြသည်။ကျွန်တော်ကလွဲလို့ ကျန်တဲ့ကျောင်းသားတိုင်းက လူချမ်းသာတွေရဲ့သားသမီးတွေဆိုတော့ မုန့်ဈေးတန်းဆီကိုပဲ အကုန်လုံးစုပြုံပြီး သွားကြတော့တာပေါ့။အတန်းထဲမှာ ကျန်ခဲ့တာဆိုလို့ ကျွန်တော်ရယ်၊စာသင်ခုံတွေရယ်သာ ကျန်ရှိခဲ့ပါတယ်။ ပိုက်ဆံတစ်ပြားမှမပါတဲ့ကျွန်တော်ကတော့ အိမ်မှာကိုယ်တိုင်ချက်လာတဲ့ မန်ကျဉ်းရွက်သုပ်ကလေးနဲ့ ပဲကြော်လေးကိုပဲ ထမင်းနဲ့တွဲပြီးမြိန်အောင်စားနေလိုက်တယ်။ ကျွန်တော်က ဘာလုပ်လုပ်ခပ်မြန်မြန်ပဲမို့ ထမင်းကိုလည်း ခပ်မြန်မြန်ပဲစားမိတယ်။ ထိုအချိန် အခန်း၀မှာပေါ်လာတဲ့လူရိပ်တွေကြောင့် ကျွန်တော်ထမင်းစားတာကိုအမြန်လက်စသတ်လိုက်ပြီး ထမင်းချိုင့်ကို သိမ်းဖို့လုပ်လိုက်တယ်။သို့ပေမဲ့ ထမင်းချိုင့်တွေ သိမ်းမပ...

🌿အခန်း ၁ မှ အခန်း ၄ 🌿

Image
  🌿အခန်း ၁ မှ အခန်း ၄ 🌿 #ဘီလူးနမ်းသောအရိုင်းပန်း                                  အခန်း၁ "ဒေါင်!...ဒေါင်!‌..ဒေါင်!..ဒေါင်!.." သုန္နကမြို့လည်ခေါင်မှ နာရီစင်ကြီးသည် လေးနာရီထိုးပြီဟေ့လို့ အချက်ပေးသံမြည်လာလေသည်။နာရီစင်ကြီးမှ တဒေါင်ဒေါင်မြည်သံကြောင့် တိတ်ဆိတ်နေတဲ့မြို့ကြီးဟာ တဒင်္ဂလောက်တုန်လှုပ်သွားသည်။သုန္နကမြို့ရဲ့ လူသွားလမ်းမကျယ်ကြီးထက်မှာလည်း သစ်ရွက်ဝါတွေကဖွေးဖွေးလှုပ်လို့ ..ဝါကျင့်ကျင့်လမ်းမီးတိုင်မှ အလင်းရောင်တွေကလည်း ထိုလမ်းမကြီးပေါ်သို့ဖြာကျနေသည်။ ထိုမြင်ကွင်းဟာ ရွှေဝါရောင်သန်းလွန်းလှတဲ့ နံနွင်းမှုန့်တုံးကြီးနှင့်ပင်တူနေသည်။လူချမ်းသာတွေသာ နေနိုင်သော ဘုံဗိမ္မာန်တစ်ခုလိုဖြစ်နေတာကြောင့် အဆောက်အဦးတိုင်းကလည်း ဟီးထွက်နေသည်။ခြံ၀န်းတိုင်းမှာ လျှပ်စစ်မီးရောင်တွေ ထိန်နေအောင်ထွန်းထားကြတာကြောင့် တိုက်တာကြီးတွေရဲ့ ပုံသဏ္ဍန်က အမှောင်ထုကိုတောင်ခွင်းပြီး ထင်းလင်းနေသည်။ "အား...ဗိုက်ကလည်း..ရစ်လာပြန်ပြီ..." လုံးလုံးတစ်ယောက် လေးနာရီထိုးမှ ...