🌿အခန်း ၉ မှ အခန်း ၁၂ 🌿
🌿အခန်း ၉ မှ အခန်း ၁၂ 🌿 အခန်း၉ 🌸ဘီးလူးနမ်းသောအရိုင်းပန်း🌸 "ဒီလမ်းတည့်တည့်၀င်သွားလိုက်..." ကျောအနောက်ကနေ အတင်းတွန်းခံလိုက်ရတာကြောင့် ကျွန်တော်နဲနဲယိုင်ကျသွားတယ်။ အခုကျွန်တော် ရောက်နေတဲ့နေရာက ဦးအဂ္ဂပိုင်ဆိုင်တဲ့ ခြံ၀န်းကြီးထဲမှာပါ။ဦးအဂ္ဂဆိုတာ သုန္နကမြို့ရဲ့အချမ်းသာဆုံးစာရင်းမှာ ထိပ်ဆုံးကနေရပ်တည်နေတဲ့လူ။ဒီလိုပုဂ္ဂိုလ်မျိုးက ကျွန်တော့်လိုဆယ်တန်းကျောင်းသားလေး တစ်ယောက်ကိုတွေ့ချင်တာ ဘာသဘောလဲ။ ဧကန်နသူ့သားကို သွားတိုင်လိုက်တဲ့ကိစ္စများလား။ ခြံ၀န်းကြီးတစ်ခုလုံးက အလှမြက်ခင်းတွေနဲ့စိမ်းလန်းနေပြီး ဦးအဂ္ဂကခြံရဲ့တောင်ဘက်စွန်းစွန်းမှာဆောက်ထားတဲ့ မှန်ချက်တွေအပြည့်ကာရံထားသော အပန်းဖြေစံအိမ်ထဲကနေ ကျွန်တော်လာတာကို ကြည့်နေပုံရတယ်။ ခြေလှမ်းခပ်ကျဲကျဲနဲ့ပဲ ထိုစံအိမ်ထဲသို့၀င်သွားလိုက်ပြီး ကျွန်တော့်ကိုရယ်ပြနေတဲ့ဦးအဂ္ဂရဲ့အရှေ့မှာ ရပ်လိုက်တယ်။ "မင်းနာမည်...ကဝိလား..." အထူးတလည် မက်တက်တောင်ရပ်ပြီး ကျွန်တော့်နာမည်ကို မေးလာပေမဲ့ ကျွန်တော်ကတော့ ခေါင်းပဲညိမ့်ပြလိုက်တယ်။ "ဦးနာမည် အဂ္ဂပါ....." လက်ကိုရှေ့ထုတ်လာပြီး နှုတ်ဆက်ဖို့ကမ်းလှမ်းလာပေမဲ...